Sunday, 3 April 2016
ပျောက်ဆုံးသွားတဲ့ဖုန်းကို ပြန်လည်ရှာဖွေနည်း ပျောက်ဆုံးသွားတဲ့ Android မိုဘိုင်းဖုန်းတွေကို ပြန်လည်ရှာဖွေပေးနိုင်ဖို့  Android Device Manager ဆိုတဲ့ဆော့ဝဲလ်လေး လိုအပ်ပါလိမ့်မယ်။ ထို App တွင် ပျောက်ဆုံးသွားတဲ့ ဖုန်းမှာထည့်သွင်းအသုံးပြုခဲ့တဲ့ Gmail နှင့် Password ကို ထည့်သွင်းပြီး ပျောက်သွားတဲ့ဖုန်းအား Device Number နှင့်တကွ မြေပုံဖြင့် ဖုန်းရှိတဲ့နေရာကိုကြည့်ရှုနိုင်မှာဖြစ်ပြီး ပျောက်ဆုံးသွားသည့်ဖုန်းအား တုန်လှုပ်ခြောက်ခြားတဲ့ အချက်ပေးသံများပေးပို့ နိုင်ရန် ထို App အတွင်းရှိ Ring နေရာအားနှိပ်ပြီး ပို့ နိုင်မည်ဖြစ်သည်။ ပျောက်ဆုံးသွားသည့်ဖုန်းအား အခြားသူတွေ ဆက်လက်အသုံးမပြုနိုင်ရန် ဖုန်းကို Lock ခတ်ပစ်ဖို့ App အတွင်းရှိ Lock နေရာတွင် Password Code ကို နှစ်ချိန်ရိုတ်ထည့်ပြီး Lock ခတ်လိုက်လို့ ရပါတယ်။ ဖုန်းထဲက Data တွေကိုဖျက်ဆီးပစ်ရန် ထို App အတွင်းရှိ Erase နေရာအားနှိပ်ပြီးဖျက်ဆီးပစ်နိုင်ပါတယ်။ Email တစ်ခုထဲကို ဖုန်းသုံးလေးလုံးး အသုံးပြုထားတယ်ဆိုရင်တော့ ယင် Email နှင့် Password ကို ယခုဆော့ဝဲလ်တွင် Login ၀င်ပြီး ဖုန်းတွေကိုထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။ ပျောက်ဆုံးသွားသည့်ဖုန်းတွင် ထည့်သွင်းခဲ့သော Gmail နှင့် Password ကိုသိမယ်ဆိုရင်တော့ ရှာဖွေနည်းကို အပေါ်မှာရေးထားတဲ့အတိုင်း ရှာဖွေလျှင် အရမ်းလွယ်ကူလှပါတယ်။ သဘောပေါက်သွားအောင် ScreenShot ပုံလေးများပြထားပါတယ်။ ပျောက်ဆုံးသွားတဲ့ဖုန်းကိုရှာဖွေနိုင်တဲ့ ဆော့ဝဲလ်လေးကိုတော့အောက်ကလင်ခ့်မှာဒေါင်းယူနိုင်ပါတယ်။ http://www.swln.info/2015/12/android-device-manager-app.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment